Информационное Агенство Ахль aль Байт

Источник : ABNA
суббота

15 июнь 2024

07:31:20
1465519

ဟဂျ်ဂျေသမသိုအ် နှင့် အွမ္မရ် သမသိုအ် ၏ အကျဉ်းချုပ် ဖွဲ့စည်းပုံ

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ ဟဂျ်ဂျေသမသိုအ် နှင့်အွမ္မရ် သမသိုအ် ၏ အကျဉ်းချုပ် ဖွဲ့စည်းပုံ ကိစ္စ နှင့် ပတ်သက် သည့် ရရှီအီ တင်ပြ ချက်အား တင်ပြမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

leader.ir ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  ၏ ဟဂျ်ဂျေသမသိုအ် နှင့်အွမ္မရ် သမသိုအ် ၏ အကျဉ်းချုပ် ဖွဲ့စည်းပုံ ကိစ္စ  နှင့်ပတ်သက်သည့် ရှရီအီ  တင်ပြမှု ဖြစ် ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  ၏ ရှရီအီ တင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်တယ်။

ဟဂျ်ဂျေသမသိုအ် နှင့် အွမ္မရ် သမသိုအ် ၏ အကျဉ်းချုပ် ဖွဲ့စည်းပုံ

ဟဂျ်ဂျေသမသိုအ် ဆိုသည် မှာ ကျင့်စဥ်  နှစ်ခု အား ပေါင်းစပ်ထားခြင်း ကိုခေါ်ဆိုပါတယ်။ ပထမကျင့်စဥ်မှာ ဟဂျ်ဂျေသမသိုအ် ဖြစ်ပြီး ဒုတိယ အကျင့် မှာ အွမ္မရ် သမသိုအ် ဖြစ်ပါတယ်။

အွမ္မရ် သမသိုအ် အား ဟဂျ်ဂျေသမသိုအ် ထက်အရင် ကျင့်ဆောင်ရမည် ဖြစ်ပါတယ်။ အွမ္မရ် သမသိုအ် နှင့် ဟဂျ်ဂျေသမသိုအ် ကျင့်စဥ်များ တွင် ကျင့်ရမည့် ကျင့်စဥ်များ လုပ်ဆောင်ချက်များ သီးခြား လာရှိပါတယ်။

အွမ္မရ် သမသိုအ်  ၏ ကျင့်စဥ်များ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 (၁) မီကာသ် တစ်နေရာရာ တွင် အဲဟ်ရာမ် ဝတ်ခြင်း

(၂) ကအ်ဗဟ် ဝတ်ကျောင်းတော် အား သွဝါဖ် ပြုခြင်း

(၃) နမာဇ်ဇေ သွဝါဖ် ဝတ်ပြုခြင်း (မကာမေအီဗရာဟီးနောက်တွင် ဝတ်ပြုရမည်)

(၄) ဆဖာ နှင့် မရ်ဝဟ် အကြား စအ်ယ် ပြုခြင်း

(၅) သက်ဆီးရ် ပြုခြင်း ( ဆံပင် အနည်းငယ် သို့မဟုတ် လက်သည်း ညှပ်ခြင်း )  တို့ ဖြစ်ပါတယ်။

ဟဂျ်ဂျေသမသိုအ် ၏ ကျင့်စဥ်များ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁)မက္ကဟ် တွင် အဲဟ်ရာမ် ဝတ်ခြင်း

(၂) ဇေလ်ဟဂျ်ဂျဟ် လ ၉ ရက်နေ့ ဇဟိုရ်အချိန် မှ စ၍ ရှရီအီ နေဝင်ချိန် အထိ အရ်ဖါသ် ကွင်းပြင် တွင် နေခြင်း

(၃) ဇေလ်ဟဂျ်ဂျဟ် လ ၁၀ ရက်နေ့ ည ကို နေ ထွက်ချိန် အထိ မရှ်အရ်ရိုလ်ဟရာမ် (ခ)မိုဇ်ဒလေဖဟ် တွင် နေခြင်း

(၄) ဇေလ်ဟဂျ်ဂျဟ် လ ၁၀ ရက်နေ့ (ကုရ်ဘာနီ အီးဒ်နေ့) တွင် ဂျမ်ရဟ် အွက်ဗဟ် (ရှိုင်တွန်အကြီး)  ကို ကျောက်စရစ်ခဲ (၇လုံးဖြင့် ထိအောင် ) ပေါက်ခြင်း

(၅) ကုရ်ဘာနီ ပြုခြင်း

(၆) ကတုံးတုံးခြင်း(ပထမအကြိမ်ပြုသူအတွက်) သို့မဟုတ် သက်ဆီးရ် (ဆံပင်အနည်းငယ်ညှပ်ခြင်း) ပြုခြင်း (တစ်ကြိမ်ထက် ကျော်သူများ အတွက်)

(၇) သွဝါဖ်ဖေ ဟဂျ်ပြုခြင်း

(၈) နမာဇ်ဇေ သွဝါဖ် ဝတ်ပြုခြင်း (မကာမေအီဗရာဟီးနောက်တွင် ဝတ်ပြုရမည်)

(၉) ဆဖာ နှင့် မရ်ဝဟ် အကြား စအ်ယ် ပြုခြင်း

(၁၀) သွဝါဖ် ဖေနေစာအ် ပြုခြင်း

(၁၁) နမာဇ်ဇေ သွဝါဖ်  နေစာအ် ဝတ်ပြုခြင်း (မကာမေအီဗရာဟီးနောက်တွင် ဝတ်ပြုရမည်)

(၁၂) ဇေလ်ဟဂျ်ဂျဟ် လ ၁၁ ရက်နေ့  ညကို မီနာ တွင်  နေခြင်း

(၁၃) ဇေလ်ဟဂျ်ဂျဟ် လ ၁၁ ရက်နေ့ တွင် ဂျမရာသ် တွင် ရှိင်တွာန် သုံးကောင် အား ရှိုင်တွာန် အငယ် အား ကျောက်စရစ်ခဲ (၇လုံးဖြင့် ထိအောင် )  ၊ ပြီးနောက်  ရှိုင်တွာန် အလယ် အား ကျောက်စရစ်ခဲ (၇လုံးဖြင့် ထိအောင် )  ၊ ပြီးနောက် ရှိုင်တွာန် အကြီး ကို  ကျောက်စရစ်ခဲ (၇လုံးဖြင့် ထိအောင် ) ပေါက်ခြင်း ကို ပြုခြင်း

(၁၄) ဇေလ်ဟဂျ်ဂျဟ် လ ၁၂ ရက်နေ့  ည ကို မီနာ တွင် နေခြင်း

(၁၅) ဇေလ်ဟဂျ်ဂျဟ် လ ၁၂ ရက်နေ့  ရှိင်တွာန် သုံးကောင် အား ရှိုင်တွာန် အငယ် အား ကျောက်စရစ်ခဲ (၇လုံးဖြင့် ထိအောင် )  ၊ပြီးနောက်  ရှိုင်တွာန် အလယ် အား ကျောက်စရစ်ခဲ (၇လုံးဖြင့် ထိအောင် )  ၊ ပြီးနောက် ရှိုင်တွာန် အကြီး ကို  ကျောက်စရစ်ခဲ (၇လုံးဖြင့် ထိအောင် ) ပေါက်ခြင်း ကို ပြုခြင်း

တို့ ဖြစ်ပါတယ်။

ရှင်းလင်းချက်အကျဥ်း  - အထက်ဖော်ပြပါ တင်ပြချက်များသည် အနှစ်ချုပ် ဖြစ်ပါတယ်။ အသေးစိတ်အား စာအုပ်ကြီးငယ် တွင် လေ့လာ နိုင်ပါတယ်။ ထိုအတူ အတွေ့ အကြုံ ရှိ အာလင်မ် များထံ လည်း မေးမြန်း နိုင်ပါ တယ်။ ဟဂျ် ကျင့်စဥ် များသည် အသေးစိတ်သည့် အတွက် ဟဂျ် ပြုသူအနေဖြင့် မိမိ ပြုရမည့် ကျင့်စဥ်များ ကို အသေးစိတ် သေချာ ရေးမှတ် ထားပြီး ကျင့်ရမည် ဖြစ်ပါတယ်။ ပြီးနောက် ဇေလ်ဟဂျ်ဂျဟ် လ ၁၁ ရက်နေ့  ည နှင့် ဇေလ်ဟဂျ်ဂျဟ် လ ၁၂ ရက်နေ့  ည တွင် မီနာ နေရမည် ဖြစ်ရာ မြန်မာ ဟာဂျီများ အတွက် ခက်ခဲသည့် လုပ်ရပ် ဖြစ်ပါတယ်။ အကြောင်း မှာ  မီနာ တွင် ည မနေကြဘဲ  ဟိုတယ် သို့ ပြန်လာကြသည့် အတွက် ဖြစ်ပါတယ်။ မီနာ တွင် ည နေရင် အဆင်မပြေ သူများ အနေဖြင့် ကအ်ဗဟ် ဝတ်ကျောင်းတော် တွင် ညလုံးပေါက် အေဗါဒသ်ပြုပြီး ဖဂျရ်နမာဇ် ဝတ်ပြုပြီးသည့် အထိ နေရမည် ဖြစ်ပါတယ်။ ဟဂျ်သည် အလွန်အရေးကြီးပြီး အထူးအသေးစိတ် သည့် အပြင် သိန်းရာနှင့်ချီ ၍ အကုန်အကျခံပြီးမှ ပြုရသည့် အတွက် မိုဟမ္မဒ် (ဆွ) အာလေ့ မိုဟမ္မဒ် (အ.စ) ၏ လမ်းစဥ် နှင့် အညီ မှန်မှန် ကန်ကန် ဟဂျ် ပြုနိုင်အောင် အထူးဂရုပြု ၊သတိချပ် ရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251